Gallery
Gallery
"A Flying Start"
Dimensions: 60 x 80 cm
Medium: Acrylic on Canvas
2022
“A Flying Start”
“A Flying Start”
Revolution Art Diary
"These are our leaders, our revolutionary heroes, and my loved ones.
Right now, in our country, the military dictators have imprisoned our leaders and are committing a blatant genocide before the eyes of the international community—brutally killing women, children, and innocent civilians, and setting entire towns and villages ablaze.
This is why I created these paintings: as a form of self-defense and resistance.
We will never surrender. We will never kneel."
ဒါ ငါတို့ရဲ့ ခေါင်းဆောင်တွေ၊ တော်လှန်ရေးသူရဲကောင်းတွေ၊ ငါချစ်ခင်ရသူတွေပဲ
ဒီအချိန်ဟာ ငါတို့နိုင်ငံမှာ စစ်အာဏာရှင်တွေက ငါတို့ခေါင်းဆောင်တွေကိုဖမ်းဆီးပြီး
ကလေးသူငယ် အမျိုးသမီးနဲ့ လူသားတွေကို ရက်ရက်စက်စက်သတ် မြို့တွေရွာတွေအားလုံးကို မီးရှို့နဲ့ လူမျိုးသုန်းသတ်ဖြတ်မှုကို နိုင်ငံတကာအလည်မှာ ပြောင်ကျကျကျူးလွန်နေကြချိန်ဖြစ်တယ်။
ဒါကြောင့် ငါတို့မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် ဒီပန်းချီကားတွေကိုရေးခဲ့တယ်။
ငါတို့ဘယ်တော့မှ အရှုံးမပေး ဒူးမထောက်ဘူး။”
2022
"Under Watch"
Dimensions: 60 x 60 cm
Medium: Acrylic on Canvas
2024/25
Under Watch
"Amidst conservative traditions, Myanmar girls must live in constant fear of the surveillance and criticisms of those around them—from their attire and posture to their every behavior. Even for something as simple as smoking a cigarette, their right to equality vanishes beneath the weight of judgmental voices.
Like a lone crow scavenging for a bit of food, they lack the right to live with a sense of security and freedom within their own environment."
"မြန်မာမိန်းကလေးတွေဟာ ရှေးရိုးစွဲဓလေ့တွေ ကြားမှာ
အဝတ်အစားအနေအထိုင်၊အပြုအမူတွေကအစ အရာအားလုံးမှာ ဘေးပတ်ဝန်းကျင်ရဲ့ စောင့်ကြည့် ပစ်တင်ဝေဖန်မှုတွေကို ကြောက်ရွံ့ကြရတယ်။ ဆေးလိပ်လေးတစ်လိပ်သောက်ရုံလောက်နဲ့ တန်းတူညီမျှမှုဟာ ဝေဖန်သူတွေကြားမှာ ပျောက်လွင့်ကြရတုန်းပဲ
ကျီကန်းလေးတကောင်ဟာလည်း အစားအစာလေးတခုအတွက် သူ့ပတ်ဝန်းကျင်မှာ စိတ်ချလက်ချနဲ့နေထိုင်ပိုင်ခွင်မရှိရှာဘူး။ တချိန်မှာသူတို့လွတ်မြောက်စေချင်တယ်"
"Immortal"
Dimensions: (60 x 80)cm, (80 x 100) cm
Medium: Acrylic on Canvas
2024/25
Immortal
"In our country, there are countless young people who voluntarily forgo any salary; despite facing immense hardships, they provide their own meals and remain steadfast in their fight against the military dictatorship."
"ငါတို့နိုင်ငံမှာ လစာလုံးဝမယူပဲ အခက်အခဲများစွာရှိတာတောင်မှ ကိုယ့်ထမင်းကိုယ်စားပြီး စစ်အာဏာရှင်ကိုတိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေအများကြီးပဲ"
Medium: Acrylic, spent shell casings, junta officer badges and military objects on canvas.
Dimensions: 80 x100 cm.
"Dogs remain loyal to their masters until the moment they lose their minds; some, even when driven mad, never turn against their owners. Yet, the military in our country—meant to be the 'watchdogs' of the nation—is intoxicated with power. Instead of protecting, they are ruthlessly hunting down and killing the very citizens who fed them through their hard-earned taxes, much like a savage beast slaughtering its prey."
"ခွေးလေးတွေဟာ မရူးခင်ထိ သူတို့သခင်အပေါ် သစ္စာစောင့်သိကြတယ်။တချို့ဆို ရူးသွားတာတောင်မှ သူ့သခင်အပေါ် ရန်မပြုကြဘူး။ ငါတို့နိုင်ငံက အိမ်စောင့်ခွေး စစ်တပ်ကတော့ အာဏာကို ယစ်မူးပြီး အခွန်ဆောင်၊ထမင်းကျွေးထားတဲ့ ပြည်သူပြည်သားတွေကိုမှ သဲသဲမဲမဲ အမဲဖြတ်သလို လိုက်လံသတ်ဖြတ်နေတယ်"
"For a Moment, Nothing Hurts"
Dimensions: 60 x 60 cm
Medium: Acrylic on Canvas
2026
"For a Moment, Nothing Hurts"
"Life is fucking exhausting right now. Just having a smoke feels like a brief win."
“ဘဝက စောက်ရမ်းတိုလွန်းတော့၊ ဆေးလိပ်က လွတ်မြောက်မှုဖြစ်လာတယ်”
"Harmony of Echoes"
Dimensions: 60 x 80 cm
Medium: Acrylic on Canvas
2024
"Harmony of Echoes"
"If music ceased to exist, human life would be empty. Our instruments vary, but our beats align in surprising harmony. I painted this envisioning a world where humanity, despite its vibrant differences, shares a common rhythm of empathy and kindness. Step closer... take a brief moment to feel the notes within this painting. Let the music give you its tenderest embrace."
"ဒီကမ္ဘာမှာ ဂီတသာမရှိရင် ကျတော်တို့ တွေဟာ ရှင်သန်ဖို့အဓိပ္ပါယ်မဲ့သွားကြလိမ့်မယ်၊ တီးခတ်ဖို့ တူရိယာ အမျိုးအစားတွေကွဲချင်ကွဲလွဲမယ် စည်းချက်တွေကတော့ အံအားသင့်လောက်အောင်တူကြတယ်၊ အရောင်အသွေးတွေမတူကြတဲ့ ကျတော်တို့လူသားတွေလည်း ကိုယ်ချင်းစာတရား ယဉ်ကျေးတဲ့စည်းချက်တွေတူညီကြရင် ဘယ်လောက်ကောင်းမလဲ။ အဲ့ခံစားချက်နဲ့ ဒီပန်းချီကိုရေးတာပါ။ လာပါ…အချိန်ခဏလေးဖြစ်ဖြစ် ဒီပန်းချီထဲက၊ သံစဉ်တွေကို ခံစားကြည့်ပါ။ ဂီတက သင့်ကို အနူးညံ့ဆုံး ပွေ့ဖက်ပါလိမ့်မယ်။"
"The Empowered Rose"
Dimensions: 40 x 60 cm
Medium: Acrylic on Canvas
2024
"The Empowered Rose"
"To us, the rose is the ultimate exemplar. It blooms fearlessly, survives through hardships, and graces the world with absolute, daring elegance. Its virtue lies in its thorns; its honor in its scent. In our nation, whenever we speak of a 'Rose', one specific lady instinctively comes to our thoughts. I painted this piece as a heartfelt tribute to her, holding my longing in every stroke."
“နှင်းဆီဟာ ငါတို့အတွက် နမူနာပဲ၊ အရဲရင့်ဆုံး ဖူးပွင့်ပြတယ်၊ အခက်အခဲကြားမှာ ရှင်သန်ပြတယ်၊ လောကကြီးဆီအလှဆုံး ရဲရဲဝင့်ဝင့်လှမ်းလာတယ်၊ သူ့ကိုယ်ကျင့်တရားဟာ သူ့ရဲ့ဆူးတွေဖြစ်တယ်၊ မွေးပျံ့ခြင်းဟာ သူ့ရဲ့ဂုဏ်သတင်းဖြစ်တယ်၊ ငါတို့နိုင်ငံမှာ နှင်းဆီလို့ပြောလိုက်ရင် အတွေးထဲအလိုလိုရောက်လာတဲ့ သူတစ်ဦးရှိတယ်၊ သူမကိုလွမ်းရင်း ဂုဏ်ပြုဖို့ဒီပန်းချီကိုရေးတယ်။"