မက်တာဖစ်ဇစ်ကယ် အနုပညာ (Metaphysical art) အနှစ်ချုပ်


၁။     မက်တာဖစ်ဇစ်ကယ် အနုပညာသည် ၁၉၁၁ ခုနှစ်မှ ၁၉၂၀ ပြည့်နှစ်အတွင်း ဂျော်ဂျီယို ဒီ ချီရီကို နှင့် ကာလို ကာရာ အစရှိသော အီတလီအနုပညာရှင်များမှတစ်ဆင့် အဓိကထွန်းကားခဲ့သည့် အိပ်မက်ဆန်သော ပန်းချီစတိုင်တစ်ခု ဖြစ်သည်။


၂။     ဤအနုပညာလှုပ်ရှားမှုသည် အီတလီ၏ ရှေးဟောင်းခမ်းနားမှုများကို လွမ်းဆွတ်တမ်းတကာ အလင်းနှင့် အရိပ်ကို စူးရှစွာအသုံးပြုပြီး ထူးဆန်း၍ လျှို့ဝှက်ဆန်းကြဲသော နေရာလွတ်များကို ဖန်တီးပုံဖော်ထားသည်။


၃။     ပန်းချီကားအများစုသည် အတိတ်နှင့် ပစ္စုပ္ပန်၊ လူနှင့် နေထိုင်ရာပတ်ဝန်းကျင်ကြားရှိ နေရာရွှေ့ပြောင်းသွားမှု (dislocation) ခံစားချက်များကို  သရုပ်ဖော်ထားပြီး နားလည်ရခက်သော ခေါင်းစဉ်များဖြင့် လျှို့ဝှက်ဆန်းကြဲမှုကို ပိုမိုပီပြင်စေခဲ့သည်။


၄။     ပထမကမ္ဘာစစ်အတွင်း ဖာရာရာ (Ferrara) မြို့တွင် ပိုမိုတိုးတက်အောင် လုပ်ဆောင်ခဲ့ကြသော ၎င်းတို့၏ ပန်းချီစတိုင်သည် နောက်ပိုင်းတွင် ပြင်သစ် ဆာရီယယ်လစ် (Surrealists) များ၏ အာရုံစိုက်မှုကို ကြီးမားစွာ ဆွဲဆောင်နိုင်ခဲ့သည်။


၅။     သို့သော်လည်း အဖွဲ့ကို မည်သူတည်ထောင်ခဲ့သည်ဟူသော သဘောထားကွဲလွဲမှုများကြောင့် ဤမက်တာဖစ်ဇစ်ကယ် ကျောင်းတော်သည် သက်တမ်း တိုတောင်းခဲ့ပြီး ၁၉၂၀ ပြည့်နှစ်ခန့်တွင် အဆုံးသတ်သွားခဲ့သည်။