ပျူရစ်ဇင် (Purism) အနုပညာလှုပ်ရှားမှု
အနုပညာနယ်ပယ်အား ရည်ညွှန်းသော ပျူရစ်ဇင် (Purism) သည် ၁၉၁၈ မှ ၁၉၂၅ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့ပြီး ပြင်သစ်ပန်းချီနှင့် ဗိသုကာပညာအပေါ် လွှမ်းမိုးခဲ့သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ပျူရစ်ဇင်ကို အာမေဒီ အိုဇန်ဖန့် (Amédée Ozenfant) နှင့် ချားလ်စ် အက်ဒူဝါ ဂျင်နရက် (Charles Edouard Jeanneret - Le Corbusier) တို့က ဦးဆောင်ခဲ့သည်။ အိုဇန်ဖန့် နှင့် လေ ကော်ဗူစီယာ တို့သည် ကျူးဘစ် (Cubist) လှုပ်ရှားမှု၏ မျိုးကွဲတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းကို ပျူရစ်ဇင်ဟု ခေါ်ဆိုခဲ့သည်။
အာမေဒီ အိုဇန်ဖန့် သည် (လေ ကော်ဗူစီယာ နှင့်အတူ) ပျူရစ်ဇင်ကို ဖန်တီးခဲ့သူ ဖြစ်သည်။ စူဆန် ဘောလ် (Susan Ball) ၏ စာအုပ်တွင်၊ ပျူရစ်ဇင်သည် ပထမကမ္ဘာစစ်အပြီး စစ်ဒဏ်ခံနေရသော ပြင်သစ်နိုင်ငံတွင် ပုံမှန်အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ဘောလ်က ရှင်းပြထားသည်။
အိုဇန်ဖန့် နှင့် လေ ကော်ဗူစီယာ တို့သည် ၁၉၂၀ မှ ၁၉၂၅ ခုနှစ်အထိ L’ Esprit Nouveau ဟုခေါ်သော အနုပညာမဂ္ဂဇင်းတစ်ခုကို ထုတ်ဝေခဲ့ပြီး၊ ယင်းကို ၎င်းတို့၏ ပျူရစ်ဇင် လှုပ်ရှားမှုအတွက် ဝါဒဖြန့်ချိရေးအဖြစ် အသုံးပြုခဲ့သည်။
ပျူရစ်ဇင် ကြေညာစာတမ်း (The Purist Manifesto) သည် ပျူရစ်ဇင် လှုပ်ရှားမှုကို ထိန်းချုပ်ရန် အိုဇန်ဖန့် နှင့် လေ ကော်ဗူစီယာ တို့ ဖန်တီးခဲ့သော စည်းမျဉ်းများကို ဖော်ပြရာတွင် အထောက်အကူပြုသည်။
(WiKiArt မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ အပြည့်အစုံလေ့လာလိုလျှင် wikiart.org တွင်သွားရောက်ဖတ်ရှုပါ။) AMHTA METHON-ART