Tonalism အနုပညာလှုပ်ရှားမှု 

    Tonalism ဆိုသည်မှာ ၁၈၈၀ ပြည့်နှစ်များတွင် စတင်ပေါ်ပေါက်လာခဲ့သော အနုပညာစတိုင်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် အမေရိကန် အနုပညာရှင်များသည် ရှုခင်းပန်းချီများကို ရေးဆွဲရာတွင် တစ်ကမ္ဘာလုံးဆိုင်ရာ အရောင်အသွေးရှိသော လေထု သို့မဟုတ် မြူနှင်းများ၏ သက်ရောက်မှု (Colored atmosphere or mist) ကို အသုံးပြု၍ စတင်ရေးဆွဲလာကြသည်။

    ၁၈၈၀ နှင့် ၁၉၁၅ ခုနှစ်များအကြားတွင် ဤစတိုင်နှင့် ဆက်နွှယ်နေသော အနုပညာရှင်များသည် ၎င်းတို့၏ ပန်းချီကားချပ်များတွင် မီးခိုးရောင်၊ အညိုရောင် သို့မဟုတ် အပြာရောင်ကဲ့သို့သော မှိုင်း၍ ကြားနေကျအရောင် (Dark, neutral hues) များကို အဓိကထား အသုံးပြုခဲ့ကြသည်။ ၁၈၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် အမေရိကန် အနုပညာဝေဖန်ရေးသမားများက ထိုလက်ရာများကို ဖော်ပြရန် "Tonal" ဟူသော ဝေါဟာရကို စတင်သုံးစွဲခဲ့ကြသည်။ ဤဝါဒ၏ ထင်ရှားသော ရှေ့ဆောင်ပန်းချီဆရာကြီး နှစ်ဦးမှာ George Inness နှင့် James McNeill Whistler တို့ ဖြစ်ကြသည်။

ဩစတြေးလျ Tonalism (Australian Tonalism) သည်လည်း ၁၉၁၀ ပြည့်နှစ်များအတွင်း မဲလ်ဘုန်းမြို့တွင် အနုပညာလှုပ်ရှားမှုတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

    Tonalism ကို တစ်ခါတစ်ရံတွင် ပြင်သစ် Barbizon စတိုင်မှ ဆင်းသက်လာသော အမေရိကန် ရှုခင်းပန်းချီများကို ဖော်ပြရာ၌လည်း အသုံးပြုကြသည်။ ထိုစတိုင်သည် ပန်းချီကား၏ ခံစားမှု (Mood) နှင့် အရိပ် (Shadow) ကို အထူးအလေးထားသည်။ ဤ Tonalism ဝါဒသည် နောက်ပိုင်းတွင် Impressionism နှင့် ဥရောပခေတ်သစ်ဝါဒ (European Modernism) တို့၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

(WiKiArt မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ အပြည့်အစုံလေ့လာလိုလျှင် wikiart.org တွင်သွား‌ရောက်ဖတ်ရှုပါ။)       AMHTA METHON-ART